ကျနော် မင်းသန့်ပါ။
2012 မှာ ဓာတ်ပုံတွေ စရိုက််ပြီး 2017 မှာ Professional High End Skin Retouch သင်တန်းများ စဖွင့်ခဲ့ပါတယ်။
ကျနော့ရဲ့ Low Budget Speedlight Lighting Technique ကို စိတ်ဝင်စားကြပီး Workshop လုပ်ဖို့တောင်းဆိုကြလို့ 2018 March လမှာ Workshop တွေ စလုပ်ခဲ့ပါတယ်။
2018 မှာပဲ Minn Thant Green Area အမည်နဲ့ Youtube Channel ဖွင့်ပီး Phtography နဲ့ ပက်သက်တဲ့ Tutorial တွေ စတင်ခဲ့တာဟာ လက်ရှိဆို Video ရာကျော် ရှိနေပါပီ။
နယ်မြို့တွေထိ ကိုယ်တိုင်ဆင်းပြီး သင်တန်းတွေလုပ်ခဲ့ပါတယ်။
ကျနော့ Tutorial များ၊ Low Budget နည်းလမ်းများ၊ Retouch ပုံစံများ၊ Speedlight မီးသုံးနည်းများနှင့် Night Portrait ရိုက်နည်းတွေဟာ လူသိများပါတယ်။
ကျနော့သင်တန်းတွေရဲ့ ဆောင်ပုဒ်က
Learn Faster, Do Better. . . ပါ
2020 April လမှာ Online Class တွေစဖွင့်ဖြစ်ခဲ့ပါတယ်။
Basic Photography & Basic Photo Retouch Class
(Camera အခြေခံနဲ့ Basic Photo Retouch အသုံးပြုနည်း)
Professional Hight End Skin & Beauty Retouch Class
(အခြေခံနဲ့ အဆင့်မြင့်ပုံပြင်နည်း)
Professional Speedlight Flash Photography Techniques
(Basic to Advance Indoor/Outdoor Lighting သုံးနည်းများ) ဖြစ်ပါတယ်။
Camera ခလုတ်နှိပ်ဖို့လွယ်ပါတယ်။ နည်းစနစ် မှန်မှန်ကန်ကန်ရိုက်တတ်ဖို့ နှလုံးသားက မြစ်ဖျားခံလာတဲ့ ရာသမြောက်ပုံတွေရဖို့က ပညာ အချိန် အတွေ့အကြုံတွေ နဲ့ ငွေကြေးတွေ အများကြီးလိုပါတယ်။ ကိုယ့်ကိုယ်ကို ကိုယ့်ပညာ နဲ့ ကိုယ်အသုံးပြုတဲ့ ပစ္စည်းတွေကို ကိုယ်တိုင်တန်ဖိုးထားမှ ပတ်ဝန်းကျင်က တန်ဖိုးထားမှာပါ။
ချစ်သော
မင်းသန့်